Complete Digital Marketing Process in 4 Simple Steps

 

Complete Digital Marketing Process in 4 Simple Steps

ကိုယ့်လုပ်ငန်းအတွက် Digital Marketing လုပ်တော့မယ်၊ ဘယ်နေရာက စရမလဲ။

ဘာပြီး ဘာဆက်လုပ်ရမလဲ ရှုပ်ထွေးနေသူတွေအတွက် Digital Marketing Process အစအဆုံးကို ပြောပြချင်ပါတယ်။

လုပ်ငန်းစဉ် (Process) ကို ရှင်းရှင်းလင်းလင်း နားမလည်ဘူးဆိုရင် လုပ်ရတာ ပိုပြီးခက်ခဲနိုင်ပါတယ်။

ဒါကြောင့် အစမှအဆုံး လုပ်ငန်းစဉ်တခုလုံးကို အဆင့် 4 ဆင့်နဲ့ ရိုးရိုးရှင်းရှင်း ပြောပြသွားမှာပါ။

ဒီ 4 ဆင့်ကို သိထားမယ်ဆိုရင် လုပ်ငန်းစဉ်တခုလုံးကို ကွက်ကွက်ကွင်းကွင်း မြင်သွားမှာကြောင့် လုပ်ရတာ ပိုပြီးလွယ်ကူမှာပါ။

 

Process Step 1: Find the Audience (Analytics and Research)


ဘာမှမလုပ်ခင် အရင်ဆုံး စာရွက်နဲ့ဘောပင် ယူလိုက်ပါ။

သင်ဦးတည်ပြီး ဈေးရောင်းမယ့်သူတွေနဲ့ ပတ်သတ်လို့ သိသမျှ ချရေးပါ။

အသက်၊ လိင်၊ နေရပ်၊ ဝင်ငွေ၊ ဝါသနာ၊ အမူအကျင့်၊ စိတ်နေစိတ်ထား၊ အားလပ်ချိန်မှာ ဘာတွေလုပ်တတ်လဲ။ ဖုန်းသုံးပြီဆိုရင် ဘယ်နေရာမှာ အချိန်ကုန်နေတတ်ကြလဲ။

သူတို့ သင့်ဝန်ဆောင်မှု/ကုန်ပစ္စည်းကို လိုအပ်ရတဲ့ အကြောင်းအရင်းကဘာလဲ။

သူတို့မှာ သင်ကူညီပေးနိုင်တဲ့ ဘာပြဿနာတွေကို ခံစားနေရလဲ။ သူတို့ရဲ့ မျှော်မှန်းချက်၊ ရည်မှန်းချက်တွေကဘာလဲ။

သင်ပေးမယ့် ကုန်ပစ္စည်း/ဝန်ဆောင်မှုနဲ့ ပတ်သတ်လို့ ဈေးကွက်မှာ ဘာမကျေနပ်စရာတွေ၊ လိုအပ်ချက်တွေ ရှိနေလဲ။

နောက်တဆင့်ကို မသွားခင် သင့်ကာစတမ်မာတွေ နေရာက ဝင်ခံစားပြီး သူတို့အကြောင်းကို နဖူးမှ ခြေဖျား အသေးစိတ် သိရအောင် လုပ်ပါ။

ဒါက သင့်ကြော်ငြာတွေ ဖန်တီးတဲ့နေရာ၊ ကုန်ပစ္စည်း/ဝန်ဆောင်မှု ပေးတဲ့နေရာမှာ အထောက်အကူပြုပါတယ်။

 

Process Step 2: Attract the Audience (Social Media Marketing/ Website Building/ Search Engine Optimization)

 

သင့်ဝယ်သူတွေအကြောင်းကို “ဂဃဏန” နားလည်ပြီဆိုရင် သူတို့သင့်ကို သတိထားမိလာဖို့ ဆွဲဆောင်ရတော့မယ့် အချိန်ရောက်ပါပြီ။

ဒီအတွက် Blog တွေ၊ Facebook, Instagram, Youtube တို့လို Social Media တွေကို သုံးရတော့ပါမယ်။

သူတို့ရှိတဲ့နေရာကို သွားပြီး သူတို့နဲ့ ရင်းနှီးမှု ယူရပါမယ်။ သူတို့ကို ကူညီပေးရပါမယ်။ ယုံကြည်မှု တည်ဆောက်ယူရပါမယ်။

How to (ပညာပေး) ပို့စ်တွေ – သူတို့ အခက်အခဲကို ဖြေရှင်းပေးနိုင်မယ့် ပို့စ်တွေဖန်တီးရပါမယ်။

Brand Storytelling (ကုမ္ပဏီဇာတ်ကြောင်း) – သင့်ကာစတမ်မာတွေရဲ့ စိတ်ကျေနပ်မှု (Feedbacks)၊ သင့်ကုမ္ပဏီနဲ့ အဖွဲ့သားတွေက ဘာလို့ဒီလုပ်ငန်းကို လုပ်နေကြတာလဲ။ (ငွေရဖို့မဟုတ်တဲ့ ခံစားချက်ကို နှိုးဆနိုင်မယ့် ဇာတ်ကြောင်းတခုခု) ကိုဖန်တီးရပါမယ်။

Entertain Contents (ဖျော်ဖြေရေး) ပို့စ်တွေ – သင့်ဝယ်သူတွေ သိပ်အားထုတ်စရာ မလိုဘဲ ကြည့်ရလွယ်ပြီး အပန်းပြေမယ့် ပေါ့ပေါ့ပါးပါး ရီစရာလေးတွေကို ဖန်တီးနိုင်ပါတယ်။

ဒီလို Contents တွေ ဖန်တီးပြီး သင့်လုပ်ငန်းကို အာရုံစိုက်မှု ရလာအောင် ဆွဲဆောင်ရပါမယ်။ 

သူတို့ဆီက Leads တွေဖြစ်တဲ့ Email, Messenger Contact, Phno. တွေရအောင် ကြိုးစားရပါမယ်။

 

Process Step 3: Sell Your Product/Service (Email Marketing/ Retargeting/ Advertising)

 


Step 2 ကနေ Leads တွေကို စုဆောင်းမယ်၊ ရေရှည်ကူညီမှုပေးနေမယ်။

နောက်တဆင့်အနေနဲ့ ချက်ချင်း ဝယ်ချင်စိတ်ကို ဖြစ်စေမယ့် OFFER ကမ်းလှမ်းချက်တွေ၊ 

အချိန်အကန့်အသတ်ရှိတဲ့ ပရိုမိုးရှင်းတွေနဲ့ Marketing Campaign တွေလုပ်ရပါမယ်။

သင့်ပစ္စည်းကနေ ရမယ့် အကျိုးကျေးဇူးတွေ၊ သင့်ပြိုင်ဘက်တွေထက် ထူးခြားအားသာချက်တွေ စတာတွေကို မြင်သာအောင် ရှင်းပြပြီး ရောင်းရတော့မယ့်အချိန်ပါ။

ဟုတ်ပြီ။ ဒီအချိန်မှာ ဝယ်တဲ့သူနဲ့ မဝယ်သေးတဲ့သူ နှစ်မျိုးရှိလာပါမယ်။

ဝယ်သွားကြမယ်ဆိုရင် ပစ်ထားလိုက်တာမျိုး မလုပ်ဘဲ သုံးစွဲရ အဆင်ပြေရဲ့လားဆိုတာ ဂရုစိုက်ပေးတာမျိုး၊ ဆက်ပြီးကူညီပေးပြီး ပုံမှန်ထိတွေ့မှု ရှိနေတာမျိုး။ 

ဒီလိုကနေ တခြား ဝန်ဆောင်မှု/ကုန်ပစ္စည်း OFFER အသစ်တွေကို ရောင်းချတာမျိုး လုပ်လို့ရပါတယ်။

ချက်ချင်း မဝယ်ကြသေးရင်လည်း နဂိုလိုပဲ ဆက်ပြီးကူညီပေးမယ်၊ ထိတွေ့နေမယ်၊ OFFER တွေဖန်တီးပြီး ရောင်းမယ်။

ဒီလိုမျိုး သူတို့လိုလာတဲ့အချိန်၊ ဝယ်နိုင်တဲ့အချိန်မှာ သင့်ဆီပဲရောက်လာအောင် လုပ်ဆောင်နိုင်ပါတယ်။

 

Process Step 4: Measure and Optimise (Analytics/ Research & Improve)


နောက်ဆုံးအဆင့်မှာတော့ လုပ်လာခဲ့တဲ့ Process (လုပ်ငန်းစဉ်) တခုလုံးကို ပြန်ကြည့်ရပါမယ်။

သင်သုံးခဲ့တဲ့ Digital Marketing နည်းလမ်းတွေ၊ ကြော်ငြာတွေထဲမှာ ဘာတွေ အလုပ်ဖြစ်လဲ၊ ဘာတွေအလုပ်မဖြစ်ဘူးလဲ။

ပြီးရင် အလုပ်ဖြစ်တဲ့နည်းလမ်းတွေ၊ ကြော်ငြာတွေမှာ ပိုပြီး အာရုံစိုက်ပြီး ကောင်းသည်ထက်ကောင်းအောင် လုပ်ရပါမယ်။

ဒီလုပ်ငန်းစဉ်တွေ လုပ်ရင်း ရှုပ်ထွေးလာပြီလို့ ခံစားရရင် စိတ်မပူပါနဲ့။ 

အပေါ်စီး (High Level View) ကနေ ကြည့်ကြည့်ပါ။ တကယ်တမ်း လုပ်ငန်းစဉ်တခုလုံးက လွယ်ကူပြီးတော့ ရိုးရှင်းပါတယ်။

ဒီ Article လေးကနေ သင့်အတွက် အကျိုးရှိတာ ရသွားမယ်လို့ ယုံကြည်ပါတယ်။ တကယ်လို့ အခက်အခဲရှိရင်လည်း ကျွန်တော်တို့ DigitalMarketing.com.mm ကိုဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့ အဖွဲ့သားများမှ သင့်ကိုကူညီဖို့ အဆင်သင့်ပြင်ထားကြပါတယ်။ 

အခုပို့စ်လေးကို အောက်ပါခလုတ်လေးတွေကနေ သင့်ရဲ့ Social Media မှာ ပြန်ပြီးမျှဝေပေးဖို့ တောင်းဆိုချင်ပါတယ်။

 

#OpenMoreOnline

 ကျနော်တို့ DigitalMarketing.com.mm website တွင်လည်း သွားရောက်ဖက်ရှု့လို့ရပါတယ်။

 

 

 

 

 

 

Comments