How to do Market Research for Myanmar Audience (Free Template Include)

How to Do Market Research in 5 Easy Steps

သင်ဈေးရောင်းတဲ့ နေရာမှာ သင့်ပစ္စည်း/ဝန်ဆောင်မှုတွေ ရောင်းကောင်းဖို့ အရင်ဆုံး Market Research လုပ်ဖို့ လိုပါတယ်။

ပြိုင်ဆိုင်မှုတွေများပြီး ကြော်ငြာတွေ ပြည့်ကျပ်နေတဲ့ နေရာမှာ တိုးပေါက်ဖို့ သင့်ကိုသတိထားမိဖို့ဆိုရင် ကုန်ပစ္စည်းပုံလေးတင်၊ ဈေးနှုန်းလေးတပ်၊ အကောင်းဆုံး အကောင်းဆုံးဖြစ်ကြောင်း အပ်ကြောင်းထပ်အောင် ပြောနေရုံနဲ့ မရတော့ပါဘူး။

Myanmar ရေမြေနဲ့ကိုက်တဲ့ သူတို့တကယ်ကြုံနေရတဲ့ ပြဿနာကို ကူညီဖြေရှင်းရမယ်၊ သူတို့အတွက် မက်လောက်စရာ အားသာချက်နဲ့ သင့်ရဲ့ ကျွမ်းကျင်မှုကို ပြသရပါမယ်။

ဒီအတွက် သူတို့အကြောင်းကို အသေးစိတ်လေ့လာဖို့ Digital Marketing Process ရဲ့ ပထမဆုံးအဆင့်ဖြစ်တဲ့ “Market Research” လုပ်ဖို့ လိုအပ်ပါတယ်။

 


သင်ဦးတည်ရောင်းနေတဲ့ Myanmar ပြည်သားတွေရဲ့ ပြဿနာတွေ၊ ရည်မှန်းချက်တွေကို ဂဃနဏ နားလည်တော့မှ သူတို့ကို စကားပြောတဲ့နေရာ၊ မာကတ်တင်းလုပ်တဲ့နေရာ၊ ဆွဲဆောင်မှု၊ ထိရောက်မှုရှိတဲ့ ကြော်ငြာစာတွေ ဖန်တီးတဲ့နေရာမှာ အဆင်ပြေနိုင်မယ် မဟုတ်လားဗျာ။

ဒါကြောင့် ဒီနေ့ပို့စ်မှာ သင့်ရဲ့ ဝယ်သူတွေအကြောင်းကို ခေါင်းစခြေဆုံး သိရအောင် ဘယ်လိုလေ့လာရမလဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီပို့စ်ပြီးတဲ့အခါ သင်ကိုယ်တိုင် Market Research လုပ်ပြီးတော့ ရလာတဲ့ အချက်အလက်အားလုံးကို ဒီပို့စ်မှာပါဝင်တဲ့ Free Template နဲ့အတူ ဖြည့်စွတ်ထားနိုင်မှာ ဖြစ်ပါတယ်။

 

1) Research Customer Information

 


အရင်ဆုံး သင်လုပ်နိုင်မှာက စာရွက်တစ်ရွက်ယူပြီး အောက်ကအချက်တွေကို သင်သိသလောက် ထည့်ခြင်းပါပဲ။

Gender:

Age:

Location:

Relation Status:

Work:

Income:

Interests:

Behaviours:

Search Keywords:

ဒါတွေအတွက် သင့် Facebook Page ရဲ့ Insights မှလည်းကောင်း၊ Website အတွက် Google Analytics မှလည်းကောင်း ကြည့်ရှုနိုင်ပါတယ်။

တကယ်လို့ သင့် Insights တွေမှာ ဒီလိုအချက်အလက်တွေ မရသေးဘူးဆိုလည်း ကိစ္စမရှိပါဘူး။ သင်သိသလောက် ထည့်ထားလိုက်ပါ။ ဒါတွေကို နောက်မှပြန်ပြီး Edit လုပ်လို့ရပါတယ်။

 

2)  Research Customer Problems


သင့်ကြော်ငြာ ထိရောက်မှုရှိဖို့က သင့်ကာစတမ်မာတွေ ခံစားနေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ကြောင်း သက်သေပြနိုင်ဖို့ လိုပါတယ်။

ဒီလိုဆို သင့်ကာစတမ်မာတွေရဲ့ ပြဿနာတွေကို ဘယ်လိုရှာဖွေဆန်းစစ်မလဲ။ 

နံပါတ်တစ် အားအကောင်းဆုံး နေရာတွေကတော့ Facebook Groups တွေပါ။ သင့် Industry နာမည်ကို Search Bar မှာရိုက်ထည့်လိုက်တယ်ဆိုရင်ပဲ သက်ဆိုင်ရာလူတွေ စုဝေးနေတဲ့ Groups တွေကျလာပါလိမ့်မယ်။

ဒီ Groups တွေမှာ သူတို့ဘာတွေ အမေးများလဲ၊ ဘာတွေကွိုင်တက်နေကြလဲဆိုတာ ပို့စ်တွေ၊ Comment တွေမှာ လိုက်ဖတ်လို့ရပါတယ်။

ပြီးရင်တော့ လုပ်ငန်းတူ ပြိုင်ဘက်ပေ့ချ်တွေက Review တွေကို လိုက်ဖတ်ကြည့်ခြင်းပါ။ သူတို့ဘယ်အချက်တွေကို ကျေနပ်မှုမရှိဘူးလဲ၊ ဘာတွေကို မကြေမချမ်းဖြစ်နေကြလဲဆိုတာ သင်တွေ့မြင်နိုင်မှာပါ။

ပြီးတော့ အခြားပလက်ဖောင်းတွေဖြစ်တဲ့ Quora, Reddict, Amazon Reviews လိုနေရာတွေမှာလည်း Myanmar ပြည်သားတွေ သိပ်မရှိပေမယ့် သင့်ကုန်ပစ္စည်း/ဝန်ဆောင်မှုမှာ ပုံမှန်အဖြစ်များတတ်တဲ့ ပြဿနာတွေကို ရှာဖွေနိုင်မှာပါ။

 

3) Research Customer Goals


သင့်ဝန်ဆောင်မှု/ကုန်ပစ္စည်းရဲ့ အားသာချက်ကို ဖန်တီးတဲ့နေရာမှာ သင့်ကာစတမ်မာတွေရဲ့ လိုအပ်ချက်၊ ရည်မှန်းချက်ကို သိရဖို့လိုပါတယ်။

ဒီအတွက်လည်း Facebook Groups, Comments, Reviews နဲ့ အမာခံလူတွေစုဝေးနေသမျှ နေရာတိုင်းမှာ သင်ရှာဖွေလေ့လာပြီး ဖြည့်စွတ်နိုင်မှာ ဖြစ်ပါတယ်။

သူတို့ရဲ့ ရည်မှန်းချက်ကို သင့်ကုန်ပစ္စည်းရဲ့ အကျိုးကျေးဇူး/အားသာချက်အနေနဲ့ထားပြီး တင်ရောင်းဖို့အတွက် ဒီအချက်ကို မဖြစ်မနေ လုပ်ပေးဖို့လိုပါတယ်။

 

4) Identify how you can help

 

သင့်ကာစတမ်မာတွေရဲ့ ပြဿနာ၊ လိုအပ်ချက်၊ ရည်မှန်းချက်တွေကို သေချာသိရပြီဆိုရင်

ဒါတွေနဲ့ ပတ်သတ်ပြီး သင်ဘယ်လိုကူညီဖြေရှင်းပေးနိုင်လဲဆိုတာ ချရေးပါ။

အခြား ပြိုင်ဘက်လုပ်ငန်းတွေမှာ မဝယ်ဘဲ သင့်ဆီမှာမှ ဘာလို့ဝယ်သင့်တာလဲ။

သင့်မှာ တမူထူးခြားတဲ့ အားသာချက်တွေ ဘာရှိလဲ။ မရှိဘူးဆိုရင် ရှိလာအောင် ဘယ်လိုလုပ်ပေးမလဲ။

ဒါတွေအတွက် အဖြေရှိမှ သင့်ဆီက ဝယ်ယူဖို့ စိတ်ဝင်စားလာကြမှာ ဖြစ်ပါတယ်။

 

5) Create Your Buyers Persona


ဒါတွေအားလုံး စုဆောင်းပြီးသွားပြီဆိုရင်တော့ သင့်ကိုယ်ပိုင် Buyers Persona ကို ဖန်တီးဖို့ အချိန်ရောက်ပါပြီ။

ဒီပို့စ်မှာပါတဲ့ Free Template မှာသင်အရံသင့် ဖြည့်ထည့်လိုက်ရုံပါပဲ။ ပြီးတော့ Print ထုတ်၊ သင့်စားပွဲရှေ့မှာ ကပ်ပြီး သူတို့အတွက် အကောင်းဆုံး မာကတ်တင်းနည်းဗျူဟာတွေ ဆွဲလို့ရပါပြီဗျာ။

ဒီအချက်တွေက အမြဲတမ်း Updated ဖြစ်နေရမှာပါ။ သင်ကြော်ငြာထုတ်တိုင်းမှာ အချက်အလက်၊ စစ်တမ်းအသစ်တွေ ရရှိလာမှာဖြစ်ပြီး ဒါတွေကို ဆန်းစစ်ပြီး သင့်ရဲ့ Persona ကို ကောင်းသည်ထက်ကောင်းအောင် ပြင်ဆင်နေလို့ ရပါတယ်။

 

တကယ်လို့ မိတ်ဆွေ Digital Marketing လုပ်ဆောင်ရာမှာ အကူအညီလိုအပ်ရင်လည်း ကျွန်တော်တို့ DigitalMarketing.com.mm မှကူညီဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိပါတယ်။

ကျွန်တော်တို့ ပြန်ပြီးဆုံတွေ့ကြပါမယ်။ ကျန်းမာပျော်ရွှင်တဲ့ တရက်တာလေး ဖြစ်ပါစေခင်ဗျာ။

 

#OpenMoreOnline

ဒီ ‌Artical ကို DigitalMarketing.com.mm ၏ Website တွင်လည်း ဝင်ရောက်ဖက်ရှု့နိုင်ပါတယ်။ 

 

Comments