10 Types of Digital Marketing and How to use them

 


မြန်မာပြည်သားတွေ တဖြည်းဖြည်းနဲ့ စခရင်ရှေ့ကို ပိုရောက်လာတာနဲ့အမျှ Digital Marketing သုံးပြီး စီးပွားရေးလုပ်ဖို့ကို လူပြောများလာကြပါတယ်။

ဒီတော့ Digital Marketing ကဘာလဲ။ မြန်မာနိုင်ငံမှာ ဘယ်လိုအလုပ်ဖြစ်နေလဲ။

တိုတိုတုတ်တုတ် ပြောရရင် အသေးစား လုပ်ငန်းရှင်တွေရဲ့ စိတ်ထဲမှာ Digital Marketing ကို Facebook Advertising နဲ့ အထင်မှားနေကြတုန်းပါပဲ။

တကယ်တမ်း မြန်မာမှာ နည်းပညာဖွံ့ဖြိုးမှု နှောင့်နှေးတာရယ်၊ လူတွေ အသိပညာ အားနည်းတာရယ်ကြောင့်သာ Facebook ကတအားအလုပ်ဖြစ်နေတာပါ။

လောလောဆယ်မှာတော့ တနေ့ထက်တနေ့ Digital Technology တွေ အားကောင်းလာတယ်၊ လူတွေလည်း နည်းနည်း မျက်စိကျယ်လာကြပြီ ဖြစ်တဲ့အတွက် Facebook တခုတည်းက အလုပ်ဖြစ်မယ်လို့ မဆိုနိုင်တော့ပါဘူး။

ဒါ့အပြင် Facebook မှာ လုပ်ငန်းတိုင်းနီးပါး ငွေပြိုင်သုံးနေကြတာကြောင့် ပြိုင်ဆိုင်မှုများသလို အကုန်အကျလည်း များပါတယ်။

သင့်အနေနဲ့ ဒီလိုနေရာမှာ ပိုက်ဆံတွေပစ်ထည့်မယ့်အစား လက်ရှိမှာ သုံးစွဲသူတွေရှိလာပြီး နောက်နှစ်အနည်းငယ်အတွင်း လုပ်ငန်းတွေ ပြိုင်ဆိုင်မှုများလာတော့မယ့် နေရာတွေကို လေ့လာထားသင့်ပါပြီ။

ဒါကြောင့် ဒီနေ့ Article မှာ Facebook Marketing/Advertising ရဲ့ အပြင်ဘက်ကို ခေါင်းခဏပြူကြည့်ပြီးတော့ Digital Marketing Channels တွေ၊ အမျိုးအစားတွေ အကြောင်းကို ဖတ်ရှုကြည့်ရအောင်။

Digital Marketing ကို ဘက်ပေါင်းစုံကနေ အမျိုးအစားခွဲခြားမှုတွေ မျိုးစုံရှိပါတယ်။ ဒီထဲကမှ အရှင်းလင်းဆုံး အကျစ်လစ်ဆုံး နားလည်အလွယ်ဆုံး ဖြစ်အောင် ကျွန်တော်စိစစ်ပေးထားပါတယ်။

 

1. Search Engine Optimization (SEO)


အရင်ဆုံး ကြားဖူးသလိုရှိပေမယ့် ဝေဝေဝါးဝါး ဖြစ်နေတဲ့တခုနဲ့ စလိုက်ရအောင်။

SEO ဆိုတာ သင့် WEBSITE ကို လူတွေ အများကြီး ဝင်လာအောင်လို့ လုပ်တာပါ။ ဘယ်လိုလုပ်တာလဲဆိုတော့ Google, Bing, Yahoo တို့လို Search Engine တွေမှာ လူတွေက သိချင်တာကို လာရှာတတ်ကြပါတယ်။ ဒီအခါမှာ သူတို့မေးတာနဲ့ကိုက်ညီတဲ့ အဖြေတွေရှိတဲ့ Web Pages တွေကို Search Results အနေနဲ့ ထုတ်ပြပေးပါတယ်။ SEO လုပ်တယ်ဆိုတာ ဒီလိုထုတ်ပြတဲ့ Results ပေါင်းရာချီထောင်ချီကြားမှာ ကိုယ့် Web Page ကို ရှေ့ဆုံးစာမျက်နှာရောက်အောင်၊ အပေါ်ဆုံးရောက်အောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

ဒီနည်းအားဖြင့် လူတွေက သင့် Website ထဲကို ဝင်လာကြပြီး တခုခုလုပ်သွားကြဖို့ အခွင့်အလမ်းတွေ ရရှိလာပါတယ်။

ဒီလိုလုပ်တဲ့နေရာမှာ သင့်ဝယ်သူတွေ ရှာကြမယ့် Keywords တွေကိုချိန်ရွယ်ပြီး သင့် Web Page ကို ဆီလျော်မှု(Relevancy) နဲ့ စစ်မှန်မှု (Authentication) မြင့်အောင်လုပ်ခြင်း၊ 

Outbound, Inbound Links များတည်ဆောက်ခြင်း၊ BackLinks တွေရရှိအောင် လုပ်ခြင်းတို့ပါဝင်ပါတယ်။ 

ဒီအတွက် အမြဲပြောင်းလဲနေတဲ့ Search Engine Algorithms တွေကိုလည်း မျက်ခြေမပြတ်ဖို့ လိုအပ်ပါတယ်။

 

2. Search Engine Marketing (SEM)

 

SEM ဆိုတာ Search Engine တွေရဲ့ Results Page ထိပ်ဆုံးမှာရောက်နေအောင်လို့ ပိုက်ဆံပေးပြီး ကြော်ငြာတာပါ။

SEO မှာတော့ ပိုက်ဆံပေးလို့ မရဘဲ လက်ရုံးရည်၊ နှလုံးရည်ချင်း ပြိုင်ရတာဆိုပေမယ့် SEM မှာတော့ ပိုက်ဆံပေးကြော်ငြာမယ်ဆိုရင် ထိပ်ဆုံးကို နေ့တွင်းညတွင်းချင်း ရောက်နိုင်ပါတယ်။

ဒါပေမယ့် ပိုက်ဆံတခုတည်းကပဲ ထိပ်ဆုံးရောက်မရောက်ကို ဆုံးဖြတ်တာမဟုတ်ဘဲ Quality Score လို့ခေါ်တဲ့ Result Page ရဲ့ အရည်အသွေးကို တိုင်းတာတာမျိုးလည်း ရှိပါတယ်။

အောက်မှာမြင်ရတဲ့အတိုင်း Ads အတွက်နေရာလွတ်က အပေါ်ဆုံးမှာလည်းရှိသလို First Page ရဲ့အောက်ဆုံးမှာလည်း ရှိပါတယ်။



ဒီနှစ်ခု Budget နဲ့ Quality Score ပေါင်းရလဒ်က သင့် Ads ရဲ့တည်နေရာကို အဆုံးအဖြတ်ပေးသွားမှာပါ။ ဒါကြောင့် ပိုက်ဆံပုံပေးရုံနဲ့ မလုံလောက်ဘဲ သင့် Page ကိုအနည်းငယ်တော့ Optimize လုပ်ပြီး Quality Score မြင့်အောင်လုပ်ထားဖို့လည်း လိုပါတယ်။

သင့်အနေနဲ့ ကာစတမ်မာတွေ ရိုက်ရှာမယ့် Keywords, Location (တည်နေရာ) နဲ့ Demographics (အသက်အရွယ်/အမူအကျင့်/စိတ်ဝင်စားရာ) တွေကို ရွေးချယ်ပြီး သင့် Web Page အတွက် Ads နေရာကို ဝယ်လို့ရမှာလည်း ဖြစ်ပါတယ်။

လူသုံးအများဆုံး SEM တွေကတော့ Google Ads, Bing Ads တို့ဖြစ်ပါတယ်။ သင့်အနေနဲ့ PPC (Pay Per Click) နည်းလမ်းကိုသုံးပြီး သင့် Web Page ကို လူဝင်တဲ့ပေါ်မူတည်ပြီးမှ ပိုက်ဆံပေးလို့လည်း ရပါတယ်။

 

3. Social Media Marketing

 


Social Media တွေဖြစ်တဲ့ Facebook, Instagram, Twitter, Pinterest, Linked In, You Tube အသုံးပြုတဲ့သူတွေကို သင့်ကုန်ပစ္စည်း/ဝန်ဆောင်မှုအကြောင်း သိအောင်၊ စိတ်ဝင်စားအောင်၊ ဝယ်ယူအောင်လို့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

သင့် Brand အတွက် Profile တည်ဆောက်ပြီး ရှိရင်းစွဲ ဝယ်သူတွေ၊ အလားအလာရှိတဲ့ ဝယ်သူတွေနဲ့ ထိတွေ့နိုင်မယ်၊ ရင်းနှီးမှု တည်ဆောက်နိုင်မယ်၊ ဆက်ဆံတဲ့နေရာမှာ ကြားခံနယ်အဖြစ် အသုံးပြုနိုင်မယ်။

သင်လုပ်ငန်းရဲ့ သတင်းတွေကို အချိန်နှင့်တပြေးညီ တင်ပြနိုင်မယ်၊ ကုန်ပစ္စည်းအသစ်/ဝန်ဆောင်မှု အသစ်ကို ကြော်ငြာနိုင်မယ်။ သင့်ကာစတမ်မာတွေအတွက် အကျိုးရှိမယ့်၊ အပန်းပြေမယ့် ပို့စ်တွေ ဖန်တီးနိုင်မယ်။ သင့်ရဲ့ နယ်ပယ်မှာ သင့်ကျွမ်းကျင်မှုကို ပြသနိုင်ပါမယ်။

သင့်အနေနဲ့ ဒီလုပ်ဆောင်မှုတွေအားလုံးကို အခမဲ့ဆောင်ရွက်နိုင်သလို လူများများဆီပိုရောက်ဖို့၊ ထိရောက်မှုပိုရှိဖို့ ပိုက်ဆံပေးပြီး ကြော်ငြာထုတ်လို့လည်း ရပါတယ်။

 

4. Content Marketing

Types of Digital Marketing

 

Content Marketing ဆိုတာကတော့ Content တွေဖန်တီးပြီး ကာစတမ်မာဆီက တခုခုရအောင် ယူခြင်း ဖြစ်ပါတယ်။ 

စိတ်အာရုံသော်လည်းကောင်း၊ နှစ်သက်မှုသော်လည်းကောင်း၊ Leads (ဖုန်းနံပါတ်၊အီးမေးလ်၊နာမည်၊လိပ်စာ) ဒါမှမဟုတ် ပိုက်ဆံ (ဝယ်ယူမှု) တခုခုဖြစ်နိုင်ပါတယ်။

Content Marketing မှာ စားသုံးသူအတွက် တန်ဖိုးရှိတဲ့၊ အထောက်အကူဖြစ်တဲ့၊ ရင်းနှီးမှုတည်ဆောက်နိုင်မယ့်၊ စိတ်ခံစားချက်ကိုလှုံဆောင်နိုင်မယ့်၊ Leads၊ Sales ဖန်တီးနိုင်တဲ့ Content တွေထုတ်လုပ်မှုပိုင်းကို အာရုံစိုက်ပါတယ်။

သုံးစွဲသူရဲ့ ပြဿနာတွေ၊ လိုအပ်ချက်တွေ၊ မေးခွန်းတွေစသည်ဖြင့် အရှာများတဲ့ Keywords တွေပေါ်မှာ အခြေပြုပြီး ဖြေရှင်းပေးနိုင်တဲ့ Contents တွေကို တည်ဆောက်ရပါတယ်။

Contents တွေက စာတွေသော်လည်းကောင်း၊ ပုံတွေသော်လည်းကောင်း၊ Podcasts (အသံဖိုင်)တွေသော်လည်းကောင်း၊ ဗီဒီယိုတွေသော်လည်းကောင်း မျိုးစုံဖြစ်နိုင်ပါတယ်။

Contents တွေက Online မှာပုံစံအမျိုးမျိုးနဲ့ ရှိနိုင်ပါတယ်။ Social Media မှာလည်းကောင်း၊ Blogs တွေအနေနဲ့လည်းကောင်း၊ Email Newsletter တွေအဖြစ်လည်းကောင်း အသုံးချနိုင်ပါတယ်။

ဒါကြောင့် Content Marketing ကို SEO, SEM, Social Media, Email Marketing စသည်ဖြင့် Digital Marketing ပုံစံအမျိုးမျိုးမှာ ပါဝင်ပတ်သတ်နေတယ်လို့ ဆိုနိုင်ပါတယ်။

5. Email Marketing

Types of Digital Marketing

Email Marketing ဆိုတာကတော့ ကာစတမ်မာတွေကို Email မှတဆင့် ရင်းနှီးမှုတည်ဆောက်ခြင်း၊ ပြုစုပျိုးထောင်ခြင်း၊ ရောင်းချခြင်း ဖြစ်ပါတယ်။

နောက်မှဝယ်မယ်ဆိုတဲ့ ကာစတမ်မာတွေ သင့်ကိုမမေ့သွားအောင်၊ ဝယ်ဖို့လိုလာတဲ့အခါ သင့်ကိုပြေးမြင်အောင်၊ ဝယ်ယူမှုတွေ လုပ်လာအောင် အကျိုးရှိမယ့် Articles တွေ၊ Up to Dates တွေ၊ Special OFFER တွေကို ပုံမှန်မေးလ်ပို့နေခြင်း ဖြစ်ပါတယ်။

Email Marketing လုပ်ခြင်းအားဖြင့် ရှိပြီးသား ဖောက်သည်တွေကို နောက်ထပ်ဝယ်ယူမှုတွေ လုပ်လာအောင် စွမ်းဆောင်နိုင်သလို

အဆင်သင့်မဖြစ်သေးတဲ့ ကာစတမ်မာတွေ အသင့်ဖြစ်တဲ့အခါ သင့်ဆီမှာပဲ ဝယ်ယူကြအောင် လုပ်ဆောင်နိုင်ပါတယ်။

သင့်ကိုယ်ပိုင် Email Lists နဲ့အတူ Email Marketing က Digital Marketing ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။

6. Messenger Marketing

Types of Digital Marketing

Messenger Marketing ကတော့ Messenger မှတဆင့် သင့်ကာစတမ်မာတွေနဲ့ ရင်းနှီးမှုတည်ဆောက်ခြင်း၊ လွယ်ကူမြန်ဆန်စွာ ဆက်သွယ်ပြောဆိုခြင်း၊ ရောင်းချခြင်းတို့ ဖြစ်ပါတယ်။

Messenger ကတော့ လူတိုင်း နေ့စဉ်နဲ့အမျှ ပုံမှန်သုံးနေတတ်တဲ့ ပလက်ဖောင်းတစ်ခု ဖြစ်တဲ့အပြင် ဆက်သွယ်ရတာ လွယ်ကူမြန်ဆန်တာကြောင့် သင်လုပ်ငန်းနဲ့ ကာစတမ်မာတွေကြားက အကောင်းဆုံး စာပို့သမားလေးလို့တောင် ပြောနိုင်ပါတယ်။

သင့်ကာစတမ်မာတွေ သိချင်တာကို 24 နာရီမရွေး ပိတ်ရက်မရှိ ချက်ချင်းပြန်ဖြေပေးနိုင်တယ်။ သင့်လုပ်ငန်းအကြောင်း ရှင်းရှင်းလင်းလင်း ချပြနိုင်တယ်။ သင့်ဝန်ဆောင်မှု/ကုန်ပစ္စည်းတွေကို တင်ရောင်းနိုင်ပါတယ်။ 

သင့် Subscriber ဖြစ်သွားပြီဆိုတာနဲ့ Email Marketing လိုပဲ အကျိုးရှိမယ့် Articles တွေ၊ Up to Dates တွေ၊ Special OFFER တွေကို ပုံမှန်ပို့ပေးနေလို့ရတယ်။

Messenger Marketing ကို ရှိပြီးသားဝယ်သူတွေနဲ့ ရင်းနှီးမှုဆက်ထိန်းထားဖို့၊ ဝယ်ဖို့အဆင်သင့်မဖြစ်သေးတဲ့ ကာစတမ်မာတွေ သင့်ကိုမမေ့သွားဖို့ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

Open Rate အမြင့်ဆုံးဖြစ်ပြီး လူတွေပုံမှန်သုံးနေတဲ့ Social Network ဖြစ်တာကြောင့် နောက်ဆုံးပေါ် ထိရောက်မှုအရှိဆုံး မာကတ်တင်းနည်းလမ်းလို့ ဆိုနိုင်ပါတယ်။

7. Affiliate Marketing

affiliate marketing

Affiliate Marketing ဆိုတာ သင့်ပစ္စည်း၊ ဝန်ဆောင်မှုကို ရောင်းပေးဖို့ Online Dealer ငှားတဲ့သဘောမျိုးပါ။ ရောင်းရတဲ့အခါတိုင်းမှာ သင်ကော်မရှင်ခပေးရပါတယ်။

သူများ Website တွေ၊ App တွေမှာ သင့်ပစ္စည်း၊ဝန်ဆောင်မှုကို ကြော်ငြာပေးတဲ့ Ads တွေထည့်ပေးထားမှာဖြစ်ပြီး သူတို့ဆီက ဝယ်ယူမှုတွေ လုပ်သွားတိုင်းမှာ ကော်မရှင်ပေးရတာမျိုးပါ။

သူသိများတဲ့ Affiliate Program ဆိုရင် Amazon ကိုပြောလို့ရပြီး သူ့ဆီက ပစ္စည်းတွေကို လူတိုင်း Affiliate ယူရောင်းလို့ရကြပါတယ်။

Affiliate ရဲ့ကောင်းကျိုးကတော့ သင့်အနေနဲ့ ရောင်းရမှသာ ပိုက်ဆံပေးရတာမျိုး ဖြစ်တာကြောင့် အပိုကုန်ကျစရိတ် မရှိခြင်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့် Affiliate မပေးခင်မှာ သင့်အနေနဲ့ Dealer ကို သေချာရှင်းပြထားသင့်ပါတယ်။ 

သူ့ Affiliate က သင့် Brand ကိုကိုယ်စားပြုပြီး ရောင်းပေးမှာကြောင့် သင့် Brand Message ကိုရှင်းပြထားသင့်သလို Payment ပိုင်းကိုလည်း နားလည်မှုမလွဲအောင် သေချာသဘောတူညီမှု ယူထားသင့်ပါတယ်။

8. Influencer Marketing

influencer marketing

Influencer Marketing ကတော့ သင့်ပစ်မှတ်ဈေးကွက်မှာ လူသိများတဲ့ လွှမ်းမိုးမှုရှိတဲ့ Influencer ကိုငှားရမ်းပြီးသင့်ပစ္စည်း/ဝန်ဆောင်မှုကို ကြော်ငြာခိုင်းခြင်း ဖြစ်ပါတယ်။

Social Media မှာ Followers များပြီး သင့်ဈေးကွက်နဲ့ အံဝင်သူကို အခကြေးငွေပေးပြီး Product နဲ့ပုံရိုက်ပြီးတော့လည်းကောင်း၊ ဗီဒီယိုပြုလုပ်ပြီးလည်းကောင်း၊ အတွေ့အကြုံကို ပြန်လည်မျှဝေတဲ့ သဘောနဲ့လည်းကောင်း ကြော်ငြာစေခြင်းဖြစ်ပါတယ်။

Influencer Marketing ကသင့် Brand Message ကိုကောင်းကောင်းပေးပို့နိုင်သလို၊ Followers တွေ၊ Traffic နဲ့ Sale Conversion ကိုလည်း တက်လာစေပါတယ်။

9. Viral Marketing

viral marketing

Viral Marketing က သင့်လုပ်ငန်း/ဝန်ဆောင်မှုကို လူတွေကြားမှာ ကူးစက်ပျံ့နှံ့လွယ်ပြီး လူပြောများအောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

Viral Marketing မှာအထက်မှာ ဖော်ပြခဲ့တဲ့ အမျိုးအစားတွေအကုန် အသုံးပြုနိုင်ပါတယ်။

သင့်ပစ်မှတ်ဈေးကွက်ရဲ့ ရေစီးကြောင်းနဲ့ ကိုက်ညီပြီး Online မှာ ပျံ့နှံ့လွယ်တဲ့ Share တွေအများကြီး ရလောက်အောင် ထူးဆန်းတဲ့၊ ရီရတဲ့၊ ခံစားချက်ကြီးကြီးမားမားတခုကို ပေးစွမ်းနိုင်တဲ့ Content ကိုဖန်တီးရပါတယ်။

ပြီးရင်တော့ Digital Platforms တွေမှာ အချိန်အတိုင်းအတာတခုအထိ လူတွေများများမြင်အောင် ကြော်ငြာရပါတယ်။

Viral Marketing လုပ်ဆောင်ဖို့ လူအား၊ငွေအား၊ အချိန်အားတွေ အများကြီး ပေးရတာကြောင့် ခက်ခဲသလိုရှိပေမယ့် သင်ပြန်ရတဲ့ အကျိုးဆက်ကလည်း တော်တော်လေး ကြီးမားပါတယ်။

10. Offline Digital Marketing

offline digital marketing

နောက်ဆုံးကတော့ OFFLINE ဒစ်ဂျစ်တယ်ချန်နယ်တွေဖြစ်တဲ့ ရေဒီယို၊ တီဗီ၊ ဒစ်ဂျစ်တယ်ဘေဘုတ်တွေ သုံးပြီး ကြော်ငြာခြင်း ဖြစ်ပါတယ်။

အခုလိုအချိန်မှာ လူတွေရဲ့ စိတ်အာရုံက တဖြည်းဖြည်းနဲ့ ဖုန်းထဲကို စုပ်ဝင်လာပြီ ဖြစ်သော်ငြား Offline Digital တွေမှာလည်း သူ့နည်းသူ့ဟန်နဲ့ ထိရောက်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။

Radio/TV Advertising တွေမှာ သင်ကြော်ငြာချင်တဲ့ Channel ကိုဆက်သွယ်ပြီး သင်ရိုက်ကူးပြီးသားကို လည်းကောင်း၊ သူတို့အကူအညီနဲ့ ရိုက်ကူးပြီးလည်းကောင်း ကြော်ငြာထည့်လို့ ရပါတယ်။

Digital Billboard တွေကလည်း သင့်ပစ်မှတ်ဈေးကွက် အသွားအလာများတဲ့ နေရာတွေမှာ သင်ပေးချင်တဲ့ Message ကိုဖော်ပြပေးနိုင်ပါတယ်။

OFFLINE Digital Marketing တွေအနေနဲ့ ဒီနည်းအားဖြင့် လူဧရိယာအများအပြားကို သင့် Brand ကိုမြင်အောင်/ကြားအောင်လို့ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Thanks for Reading (Don’t Miss next Articles)

ဒီ Article လေးကနေ သင် Digital Marketing အမျိုးအစားတွေအကြောင်းကို သေချာလေး သိသွားမယ်လို့ ယုံကြည်ပါတယ်။

တကယ်လို့ သင့်ကုမ္ပဏီအတွက် Digital Marketing လုပ်ဆောင်ရာမှာ အခက်အခဲရှိမယ်ဆိုရင်လည်း ကျွန်တော်တို့ DigitalMarketing.com.mm မှကူညီပေးနိုင်ပါတယ်။

အဆုံးထိ ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ပြန်တွေ့ကြပါမယ်ခင်ဗျာ။

 

#OpenMoreOnline

ဒီ Article ကို DigitalMarketing.com.mm ၏ Website တွင်လည်း ဝင်ရောက် ဖက်ရှု့နိုင်ပါတယ်။ 

Comments